၁။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နတ်မောက်မြို့၊ ချောက်မြို့၊ ပခုက္ကူမြို့များနှင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့တို့တွင် လူ့အခွင့် အရေးကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ကော်မရှင် အဖွဲ့သည် မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ (၂၃-၂-၂၀၁၄) ရက်နေ့မှ (၂၈-၂-၂၀၁၄) ရက်နေ့အထိ သွားရောက်ခဲ့ပါသည် –
(က) ဦးစစ်မြိုင် အတွင်းရေးမှူး အဖွဲ့ခေါင်းဆောင်
(ခ) ဦးခင်မောင်လေး အဖွဲ့ဝင် အဖွဲ့ဝင်
(ဂ) ဦးခွထီးယိုး အဖွဲ့ဝင် အဖွဲ့ဝင်
(ဃ) ဦးဝဏ္ဏစိုး ဒုတိယဦးစီးမှူး အဖွဲ့ဝင်
ရှင်းလင်းဆွေးနွေးပွဲသွားရောက်ခဲ့သည့်ခရီးစဉ်
၂။ (၂၄-၂-၂၀၁၄)ရက်နေ့ (၀၈:၃၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲသို့ စုစုပေါင်း (၂၆၀)ခန့် တက်ရောက်ခဲ့ပါသည်။
၃။ ထို့နောက် ကော်မရှင်အဖွဲ့သည် (၁၄:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ နတ်မောက်မြို့ ပြည်သူ့ခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲသို့ စုစုပေါင်း (၆၀၀)ခန့် တက်ရောက် ခဲ့ပါသည်။
၄။ (၂၅-၂-၂၀၁၄)ရက်နေ့ (၀၉:၃၀)နာရီအချိန်မှ (၁၂:၃၀)နာရီအချိန်ထိ ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်း စရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲသို့ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့ပါသည်။
၅။ (၂၆-၂-၂၀၁၄)ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ပခုက္ကူမြို့ ပြည်သာယာ ခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲသို့ စုစုပေါင်း(၂၅၀)ခန့် တက်ရောက်ခဲ့ပါသည်။
၆။ (၁၅:၀၀)နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ မုံရွာမြို့၊ မြို့တော်ခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲသို့ စုစုပေါင်း (၃၄၀)ခန့် တက်ရောက်ခဲ့ပါသည်။
၇။ (၂၇-၂-၂၀၁၄)ရက်နေ့ (၁၂:၀၀)နာရီအချိန်မှ (၁၄:၅၀)နာရီအချိန်အထိ ရွှေဘိုမြို့၊ ရန်ကြီးအောင် ခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲသို့ စုစုပေါင်း (၂၉၀)ခန့် တက်ရောက်ခဲ့ပါသည်။
၈။ (၂၈-၂-၂၀၁၄)ရက်နေ့ (၁၂:၀၀)နာရီအချိန်မှ (၁၅:၀၅)နာရီအချိန်အထိ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲသို့ စုစုပေါင်း (၃၁၀)ခန့် တက်ရောက်ခဲ့ပါသည်။
၉။ အထက်ဖော်ပြပါ မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ သို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူ ပြည်သူလူထုတို့ တက် ရောက်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးခြင်း
၁၀။ ရှင်းလင်းဆွေးနွေးပွဲတွင် အောက်ပါအကြောင်းအရာများ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်-
(က) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က လူ့အခွင့်အရေး ဆိုင်ရာ အခြေခံအနှစ်သာရများအား (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် များနှင့် နှိုင်းယှဉ်၍ ရှင်းလင်း ဆွေးနွေးခြင်း၊
(ခ) အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်းချက် များနှင့် လူ့အခွင့်အရေး မြှင့်တင်ရေး၊ ကာကွယ်ရေး အနှစ်သာရများအား ရှင်းလင်း ဆွေးနွေးခြင်း၊
(ဂ) အဖွဲ့ဝင် ဦးခွထီးယိုးက အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ဖွဲ့စည်းပုံများ၊ သဘော သဘာဝများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
(ဃ) တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်းအား ကော်မရှင်အဖွဲ့ဝင် များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ခြုံငုံတင်ပြချက်
၁၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများအား ပြည်သူများကို အသိပညာပေးရန် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက် များနှင့်အညီ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ ကော်မရှင် အဖွဲ့ဝင်များ သွားရောက်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးရာတွင် လူ့အခွင့် အရေး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အခြေခံအနှစ်သာရများ၊ လူ့အခွင့်အရေးရယူရုံ သာမက တာဝန်ရှိမှု၊ ဥပဒေဘောင်အတွင်းမှ လူ့အခွင့်အရေးခံစားရယူရာတွင် သူတစ်ပါး၏ လူ့အခွင့်အရေးကိုလည်း လေးစားရန်လိုအပ်မှု စသည့်အခြေခံအချက်များအပါအဝင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပေါ် ရှင်းလင်းဆွေးနွေးချက်များ၊ ကော်မရှင် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဖောက်ဖျက်ခံရပါက မည်ကဲ့သို့တိုင်တန်းနိုင်ပြီး မည်ကဲ့သို့ ဆောင်ရွက်ပေး သည်၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အခြားပြဌာန်းချက် တို့နှင့် မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် လွတ်လပ်မှုကို ကျင့်သုံးနိုင်ခွင့်ရှိကြောင်း စသည့် အချက်များကို ပြည်သူများအတွင်း သိရှိနိုင်စေရန် ရှင်းလင်း ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။